ကိုယ်ဝန်ဆောင်ချိန် ဖျားနာခြင်းအတွက် အိမ်တွင်းကုထုံး
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကိုယ်တိုင်ရော ရင်သွေးလေးပါ ကျန်းမာဖို့အတွက် မေမေက အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ကိုယ်ခံအား နည်းနေနိုင်တာကြောင့် ကျန်းမာရေး မထိခိုက်အောင် အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာရင် မေမေရော ဗိုက်ထဲက ကလေးလေးမှာပါ မလိုအပ်ဘဲ ထိခိုက်တာမျိုး တွေ မဖြစ်စေဖို့ မဖျားတာကတော့ အကောင်းဆုံးပါ။
ဖျားနာတဲ့အခါ ဆေးတွေသောက်လို့ရတာ မှန်ပေမယ့် အချို့သော ဆေးဝါးတွေက ဗိုက်ထဲ့ ဖွံ့ဖြိုးနေတဲ့ ကလေးလေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်နေရက်နဲ့ဖျားနာတာတွေ ဖြစ်လာခဲ့ရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲကနေ ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မတော်တဆ ဖျားနာခဲ့မယ်ဆိုရင် သက်သာစေဖို့အတွက်
ရေဓာတ်ပြည့်ဝအောင် သောက်သုံးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ် ပြည့်ဝဖို့ လိုသလို ဖျားနာနေချိန်မှာခည်း ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ရေဓာတ်ပြည့်ဝမှ ချွဲမဖြစ်အောင် ကာကွယ်ပေးပြီး ရင်ကြပ်တာ၊ နှာခေါငါးပိတ်တာလိုမျိုး ဖျားနာမှုတွေကို သက်သာစေနိုင်မှာပါ။ ရေနွေးနွေးလေး သောက်ပေးတာကလည်း ဖျားနာမှုကြောင့် လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။
တစ်နေ့ကို ရေနွေးနွေးလေး ၈ ခွက်လောက် သောက်သုံးပေးဖို့ လိုပါမယ်။
အာဟာရ ပြည့်ဝအောင် စားပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာတာကို သက်သာစေဖို့ဆိုရင် စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ သံဓာတ်၊ ဆီလီနီယမ်၊ ဇင့်တို့ ပြည့်ဝဖို့ လိုအပ်ပါတယ်။ ဒီလို အာဟာရတွေ ပြည့်ဝစေဖို့ဆိုရင် စားသုံးတဲ့ အစားအစာတွေထဲမှာ အာဟာရပြည့်ဝတဲ့ မုန်လာဥနီ၊ ငရုတ်ပွ၊ ဖရုံစေ့၊ စတော်ဘယ်ရီ၊ သရက်သီးမှည့်၊ သခွားမွှေး၊ ကညွတ်စတာတွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။
ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်က အအေးမိဖျားနာတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းစေနိုင်ပြီး ဖျားနာတာကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာ၊ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
နာနတ်သီး ဖျော်ရည်
နာနတ်သီးမှာ ပါတဲ့ Bromelain က အရောင်ကျစေနိုင်ပြီး ချွဲ ပျော်စေနိုင်ပါတယ်။ လည်ချောင်းနာတာကို သက်သာစေနိုင်သလို နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ ပျားရည်နဲ့ တွဲပြီး စားပေးလို့ ရသလို ဖျော်သောက်လို့လည်း ရပါတယ်။
နနွင်း
နနွင်းက အရောင်ကျစေနိုင်သလို ချောင်းဆိုးတာနဲ့ အအေးမိတာကို သက်သာစေနိုင်ပါတယ်။ နနွင်းမှာပါတဲ့ Curcumin က ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး အရောင်ကျစေနိုင်သလို ဖျားနာမှုကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေပြီး လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။
အနားယူပါ
အိပ်ရေးပျက်တာက ကိုယ်ခံအား ကျစေနိုင်ပါတယ်။ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်ခံရနိုင်သလို ဖျားနာမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ချိန် ၇နာရီ ကနေ ၈ နာရီရှိအောင် ထားပါ။ ဖျားနေချိန်မှာ အိပ်ရေးဝဝအိပ်ပြီး ပြည့်ပြည့်ဝဝ အနားယူပါ။
ဒီလို အခြေအနေဆိုရင် ဆေးခန်းပြပါ
အခုပြောတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပေမယ့် ၁၀ ရက်ကြာတဲ့အထိ ရောဂါ လက္ခဏာတွေ မသက်သာဘဲ ပိုဆိုးလာမယ်ဆိုရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားရောက် ကုသမှု ခံယူပါ။
ရေးသားသူ - မွန်မွန်